I Phone Battery Save Tips - Thwin Htue Ko
ကျွန်တော် ရဲ့ နည်းပညာ နယ်ပယ်လေးကနေနွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် အဆင်ပြေပါစေ။

Breaking

Post Top Ad

Give Me Your ADS

Monday, August 9, 2021

I Phone Battery Save Tips

i Phone Battery သက်သာစေရန်ဆောင်ရန်များ

---------------------------------------

1. Close Background App

App တစ်ခုခုကို အသုံးပြုပြီးတိုင်း ချက်ချင်းဖြစ်ဖြစ် ပြန်မသုံးသေးဘူးဆိုရင် အဲဒီ App ကို Complete Close လုပ်ပေးပါ။


2. Proper Charging

သင့်ရဲ့ iDevice ကို တစ်လမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် Battery 20% အောက်ရောက်အောင် အသုံးပြုပြီးနောက် Full Charge ကို Non-Stop ပြန်သွင်းပါ။ အားသွင်းနေတုန်းမှာ တခြား ဘာမှမလုပ်ဆောင်သင့်ပါ။ ထို့ပြင် နေ့စဉ် ပုံမှန် အားတစ်ကြိမ်တော့ သွင်းပေးပါ။


3. Avoid Heat

အပူဟာ Battery တွေအတွက် အရေးကြီးဆုံး သတိထားရမဲ့ အချက် ဖြစ်ပါတယ်။ သင့်ရဲ့ iDevice ကို နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နေမဲ့ နေရာမျိုးတွေ ဖြစ်စေ ၊ တခြားသော အပူချိန် မြင့်မားသော နေရာမျိုးတွေမှာ ဖြစ်စေ ထားရှိခြင်းကို ရှောင်ရှားသင့်ပါတယ်။


4. Wifi

သင့်ရဲ့ iDevice ကို Wifi အသုံးပြုနေချိန်မှ လွဲ၍ ကျန်သောအချိန်တွေမှာ Wifi မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။


5. Bluetooth

သင့်ရဲ့ iDevice ကို Bluetooth အသုံးပြုနေချိန်မှ လွဲ၍ ကျန်သော အချိန်တွေမှာ Bluetooth မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။


6. Turn Off AirDrop

သင့်ရဲ့ iDevice ကို AirDrop အသုံးပြုနေချိန်မှ လွဲ၍ ကျန်သော အချိန်တွေမှာ AirDrop မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။


7. Lock Your iDevice

Auto-Lock Feature ကိုအချိန်အတိုင်းအတာ တစ်ခုအဖြစ် သတ်မှတ်ပေးထားခြင်းကြောင့် သတိမေ့လို့ပဲဖြစ်ဖြစ် အခြား အကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် Lock မဖြစ်ပဲ Device ပွင့်နေခြင်းကြောင့် Battery ကုန်ခြင်းကို ကာကွယ်ထားနိုင်ပါတယ်။


8. Upgrade Your Software

သင့်ရဲ့ iDevice တွေကို Apple မှထုတ်လုပ်ပေးထားသော နောက်ဆုံး iOS Version တွေကို Upgrade အမြဲတမ်း လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple မှသူတို့ရဲ့ iDevice တွေရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို အစဉ်အမြဲ ရှာဖွေပြီး ပြုပြင်ပေးနေမှုကြောင့် Battery Performance တွေကိုပါ ပိုမိုကောင်းမွန်စေပါတယ်။


9. Don’t Use Third Party Charger

ဒီအချက်က အတော်အရေးကြီးပါတယ်။ Apple ရဲ့ iDevice တွေကို Apple iDevice ဝယ်ကတည်းက ပါလာတဲ့ Battery Charger နဲ့ပဲ အားသွင်းပါ။ အခြားသော ပြင်ပ Company ကထုတ်လုပ်တဲ့ Battery Charger တွေနဲ့ အားမသွင်းသင့်ပါဘူး။ အခန့်မသင့်ရင် ပေါက်ကွဲပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။


10. Use Static Wallpaper

Dynamic Background ပုံလေးတွေက လှပပေမဲ့ Battery ကိုတော့ ပိုစားပါတယ်။ ဒါကြောင့် Battery ပိုကြာရှည်ခံစေချင်ရင် လှုပ်ရှားမှုရှိတဲ့ Static Background Image လေးတွေကိုသာ သုံးသင့်ပါတယ်။


11. Automatic Downloads

Automatic Downloads လုပ်ဆောင်ချက်ဟာ မိမိရဲ့ iDevice ထဲမှာ ရှိတဲ့ App တွေကို Update အသစ်ထွက်တိုင်း နောက်ကွယ်ကနေ Auto Update လုပ်ဆောင်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် ဒီ Feature ကိုပိတ်ထားခြင်းအားဖြင့် Battery စားနှုန်းကို လျော့ချနိုင်ပါတယ်။


12. Adjust Auto Brightness

Auto-Brightness ကို On ပေးထားခြင်းကြောင့် မိမိရဲ့ iDevice တွေမှာ Battery စားနှုန်းကို လျော့ချပေးနိုင်ပါတယ်။


13. Location Services

အချို့ App တွေက သင့်ရဲ့ လက်ရှိတည်နေရာကို အသုံးပြုကြပါတယ်။ အချိန်တိုင်းလိုလို သင့်ရဲ့ လက်ရှိတည်နေရာကို ထောက်လှမ်းနေမယ်ဆိုရင် Battery အကုန်မြန်ပါတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုရင် Location Service ကိုပိတ်ထားသင့်ပါတယ်။


14. Mobile Data

ကိုယ့်ရဲ့ iDevice တွေမှာ မလိုအပ်ပဲနဲ့ Mobile Data On ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ 3G/4G တွေဟာ လိုင်းဆွဲအား မြန်တယ်ဆိုပေမဲ့ Battery ကိုလည်း ပိုစားပါတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုရင် Off လုပ်ပေးထားသင့်ပါတယ်။


Uploader By Thwin Htue Ko | Facebook

No comments:

Post a Comment

Pages