How to buy Mobile Phone - Thwin Htue Ko
ကျွန်တော် ရဲ့ နည်းပညာ နယ်ပယ်လေးကနေနွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် အဆင်ပြေပါစေ။

Breaking

Post Top Ad

Give Me Your ADS

Friday, January 10, 2020

How to buy Mobile Phone


Mobile Phone တစ်လုံးဝယ်ယူတော့မယ်ဆိုရင်
---------------------------------------------------------------------

1. Selection Tips

ဖုန်းတစ်လုံးကို ဘာအတွက်အသုံးပြုဖို့ ဝယ်ယူတာလဲဆိုတာက အဓိကကျတဲ့အချက်တစ်ခု ဖြစ်မှာပါ။ နေ့စဉ်သုံးဖို့အတွက်ဆိုရင် ကိုယ်သုံးမယ့် Budget ပေါ်မှုတည်ပြီး အကောင်းဆုံးဖုန်းကို လိုချင်ကြသူချည်းပါပဲ။ ဒါပေမယ့် ဘယ်လိုရွေးချယ်ရမှန်းမသိဖြစ်နေတာမျိုးလည်း ကြုံဖူးကြပါလိမ့်မယ်။ သူငယ်ချင်းတွေက ကောင်းတယ်ဆိုတဲ့ဖုန်းပဲဝယ်ရမလား၊ ဂျာနယ်တွေ သတင်းစာတွေမှာ ခဏခဏကြော်ငြာတွေ့နေတဲ့ဖုန်းပဲ ဝယ်ရမလား ဆိုပြီးတွေဝေဖူးမှာပါ။ အခုဒီ Guide လေးဖတ်ပြီးတဲ့အချိန်မှာ အရင်ကထက်အနည်းငယ်လောက်ပဲ ဖြစ်ဖြစ် ပိုပြီးရွေးချယ်တတ်လာမယ်ဆိုရင်ပဲ ကျွန််တော်ကြိုးစားရကျိုးနပ်ပါပြီ။

2. Design & Weight

ဖုန်းတစ်လုံးရဲ့ Design ကအရင်ဆုံးစဉ်းစားရမယ့် အထဲမှာပါပါတယ်။ Brand မျိုးစုံမှာ ကိုယ်ပိုင် Design ပုံစံအမျိုးမျိုးနဲ့ထုတ်ကြတဲ့အတွက် ရွေးချယ်စရာများပြားနေမှာပါ။ ဖုန်းပုံစံကတော့ ကိုယ့်အကြိုက်ပေါ်မှုတည်ပြီး ကွဲလွဲမှာဖြစ်တဲ့အတွက်မပြောတော့ပဲ ထားလိုက်ပါမယ်။ လက်ထဲသက်တောင့်သက်သာ ကိုင်ထားနိုင်လား လက်တစ်ဖက်ထဲနဲ့ ကိုင်လို့အဆင်ပြေလား ဆိုတာကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ Screen size ၄ လက်မဖုန်း တစ်လုံးနဲ့ Screen size ၅.၅လက်မရှိတဲ့ဖုန်းမှာ ၄လက်မဖုန်းကပိုပြီး သက်တောင့်သက်သာကိုင်ထားနိုင်မှာပေမယ့် ၄ လက်မအရွယ် Screen က ဂိမ်းဆော့တာ၊ အင်တာနက်ကြည့်တာမျိုးမှာ Screensize အကြီးဖုုန်းတွေလောက် ဆင်မပြေတာကိုတွေ့ရမှာပါ။ အဲ့ဒါကြောင့် Screen size အနေနဲ့ဆို လက်ထဲမှာ ကောင်းကောင်းကိုင်ထားနိုင်ပြီး သုံးလို့လဲအဆင်ပြေမယ့် ၅လက်မ နဲ့ ၅.၅ လက်မ ဝန်းကျင်ဖုန်းတွေက အကောင်းဆုံးရွေးချယ်စရာဖြစ်မှာပါ။ နောက်တစ်ချက်အနေနဲ့ကတော့ ဖုန်းရဲ့ ကိုယ်ထည်ပါ။ တော်တော်များများဖုန်းတွေမှာ ပလတ်စတစ် (သို့) Polycarbonate body ကိုအသုံးများနေကြတုန်းပါ။ အခုနောက်ပိုင်း Metal ဘေးဘောင်၊ Metal ကိုယ်ထည်နဲ့ အမြင့်ပိုင်းဖုန်းတွေမှာ Gorilla Glass လိုမျိုးတော်ရုံခြစ်ရာမထင်နိုင်တဲ့ မှန်ကိုယ်ထည်တွေနဲ့ပါ ထုတ်လုပ်လာကြပါတယ်။ သာမန် ပလတ်စတစ်ကိုယ်ထည်ဖုန်းထက် Metal or Glass Body ဖုန်းတွေက Design ပိုင်းရော၊ အကြမ်းခံနိုင်မှုတွေမှာ ပါပိုကောင်းနိုင်တဲ့အတွက် ရွေးချယ်သင့်ပါတယ်။

3. Processor, RAM and Storage

ဖုန်း Design ပိုင်းကိုရွေးချယ်ပြီးပြီဆိုရင်တော့ အဲ့ဖုန်းမှာ ပါဝင်တဲ့ CPU လို့ခေါ်တဲ့ Processor, RAM နဲ့ Storage ပမာဏက ဒုတိယရွေးချယ်စရာဖြစ်မှာပါ။ CPU ကို ကြည့်မယ်ဆိုရင် သူ့မှာပါဝင်တဲ့ Core အရေအတွက်နဲ့ မြန်နှုန်း တို့ကိုတွဲရေးထားတာကိုတွေ့နိုင်မှာပါ။ (Dual Core 1.6Ghz) အနိမ့်ဆုံးအနေနဲ့တော့ Core နှစ်ခုပါဝင်တဲ့ Dual Core CPU တွေကစပြီး Core ၈ခုအထိပါဝင်တဲ့ Octa Core CPU တွေကိုတွေ့နိုင်မှာပါ။ အကြမ်းအားဖြင့်တော့ Core ပိုများပြီး Speed ပိုမြန်တဲ့ CPU တွေကပိုကောင်းတဲ့အတွက် ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် CPU ထုတ်လုပ်တဲ့ Company ပေါ်မှုတည်ပြီးလည်း စွမ်းဆောင်ရည် ကွာခြားသွားနိုင်ပါတယ်။ အဓိက Company ကြီးနှစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံအခြေစိုက် Qualcomm Snapdragon CPU နဲ့ China Mediatek MTK CPU တွေက စျေးကွက်ထဲမှာ အများဆုံးတွေ့ရပါတယ်။ Mediatek CPU တွေက Core အရေအတွက်နဲ့ Speed ပိုမိုမြန်ဆန်နေတတ်ပြီး Qualcomm Snapdragon CPU တွေကတော့ တခါတရံ Octa Core လို CPU မျိုးမှာ Quad Core CPU နှစ်ခုနဲ့ အသုံးပြုတဲ့ပေါ်မှုတည်ပြီး ပြောင်းလဲ လုပ်ဆောင်တဲ့အတွက် စွမ်းဆောင်ရည်၊ ပါဝါစားသက်သာမှု နဲ့ အပှုထုတ်လွှတ်မှုတွေမှာ Mediatek CPU ထက်ပိုမိုကောင်းမွန်တယ်လို့ သတ်မှတ်နိုင်မှာပါ။
RAM ဆိုတာကတော့ တစ်ချိန်ထဲမှာသုံးနေတဲ့ Application များကိုအခက်အခဲမရှိပဲ Run နိုင်အောင်လုပ်ဆောင်ပေးတဲ့ Memory ဖြစ်တဲ့အတွက် အနည်းဆုံး RAM 2GB ရှိတဲ့ဖုန်းမျိုးမှ Hang ခြင်း (လေးလံခြင်း) မျိုးမရှိပဲ ကောင်းကောင်းအသုံးပြုလို့ရမှာပါ။
Internal Storage ကတော့ ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုတွေအကုန်သိုလှောင်ရာနေရာ ဖြစ်လာမှာဖြစ်တဲ့အပြင် Application တွေကို Install လုပ်မယ့်နေရာမို့ အနည်းဆုံး Internal 16GB ရှိတဲ့ဖုန်းမျိုးကိုရွေးချယ်သင့်ပါတယ်။

4. Camera

Facebook လိုမျိုး Social Network တွေပိုမို အသုံးများလာတာနဲ့အမျှ ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးတာတွေ ပိုမိုများပြားလာတာကို တွေ့နိုင်မှာပါ။ အဲ့အတွက်ဖုန်း ကင်မရာကောင်းဖို့ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်လာပါတယ်။ Selfie အရိုက်များတဲ့သူတွေအတွက်ကတော့ အရှေ့ Front Facing Camera ကအနည်းဆုံး 5 Megapixels လောက်ရှိသင့်ပြီး အနောက် Camera က 8 Megapixels လောက်ဆိုလုံလောက်ပေမယ့် အခုအချိန်မှာတော့ ပုံထွက်ပိုကောင်းမယ့် 13 Megapixels လောက်ကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

5. Others

အခြားစဉ်းစားသင့်တဲ့ အချက်တွေထဲမှာ Network ပိုင်းကောင်းကောင်းအသုံးပြုလို့ ရမရ၊ Micro SD Card ထပ်စိုက်လို့ အဆင်ပြေမပြေ၊ နောက်ပိုင်း System ကို Update လုပ်ပေးမယ့် အလားအလာရှိမရှိ၊ Finger Print Scanner၊ TV, Aircon, DVD Player တွေကို Remote Control လုပ်ပေးနိုင်တဲ့ IR Sensor လိုမျိုး အသုံးဝင်တဲ့ Feature တွေ ပါမပါကိုထည့်စဉ်းစားသင့်ပါတယ်။ တချို့ Xiaomi လိုဖုန်း Brand မျိုးဆိုရင် အပေါ်က Features တွေပါစုံလင်စွာပါဝင်ပြီး ညဘက်အသုံးပြုမှုလွယ်ကူစေရန် ဖုန်း Screen ကိုမှိန်ပေးနိုင်မယ့် Reading Mode, နှစ်သက်ရာ ဖုန်းခေါ်ဆိုမှုတွေကို Record ပြုလုပ်ပေးထားနိုင်တဲ့ Auto Recording Functions အစရှိတဲ့ Features မျိုးတွေပါ ပါဝင်ပြီး စျေးနှုန်းတူ အခြား Brand တွေထက်ပိုမို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အတွက် Brand စွဲမဟုတ်ရင် ထည့်စဉ်းစားသင့်တဲ့ဖုန်း အမျိုးအစားထဲပါပါတယ်။ အားလုံးပဲ ကိုယ်နဲ့
သင့်တော်မဲ့ Mobile Phone တစ်လုံးကိုရွေးချယ်
နိိင်ကြပါစေကြောင်း…………

Thwin Htoo Ko (Vlogger)

No comments:

Post a Comment

Pages